မြို့နယ်အုပ်ရေးမှူးဖလား အမျိုးသားအလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မိုင်းယန်း ဖေဖော်ဝါရီ  ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် မြို့နယ်အုပ်ရေးမှူးဖလား အမျိုးသား အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို  ဖေဖော်ဝါရီ  ၁ ရက် ညနေ  ၃ နာရီခန့်က ဟော်ကန်ရပ်ကွက်အတွင်းရှိ မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ဗိုလ်လုပွဲတွင် ဟော်ကန်ရပ်ကွက်မှ အာခါလူငယ်အသင်းနှင့် ဝိန်းလိတ်ရပ်ကွက်မှ အာခါလူငယ် (ခ)အသင်းတို့  ယှဉ်ပြိုင်ကစားကြရာ ဝိန်းလိတ်ရပ်ကွက်မှ အာခါလူငယ်(ခ)အသင်းက အနိုင်ရဗိုလ်စွဲ ခဲ့ကြောင်းသိရသည်။

ဆုပေးပွဲအခမ်းအနားတွင် ပထမဆုရရှိသော ဝိန်းလိတ်ရပ်ကွက်မှ အာခါလူငယ်(ခ)အသင်း အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက ငွေသားစုငွေကျပ်တစ်သိန်းနှင့် ဆုတံဆိပ်များကို လည်းကောင်း၊ ဒုတိယဆုရရှိသော ဟော်ကန်ရပ်ကွက်မှ အာခါလူငယ်အသင်းအား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်အောင်က ငွေသားဆုငွေခုနှစ်သောင်းကျပ်နှင့် ဆုတံဆိပ်များကို လည် းကောင်း၊ တတိယဆုရရှိသော ဝိန်းလိတ်ရပ်ကွက်မှ အာခါလူငယ်(က)အသင်းအား မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးသက်လင်းထွန်းက ငွေသားဆုငွေကျပ်ငါး သောင်းနှင့် ဆုတံဆိပ်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါပြိုင်ပွဲကို အုပ်စု(၄)အုပ်စုပါဝင်ပြီး ပြိုင်ပွဲဝင်အသင်းပေါင်း(၁၅)သင်းပါဝင် ယှဉ်ပြိုင်ကြကာ ဇန်နဝါရီ ၃၁ ရက်နေ့မှ ဖေဖော် ဝါရီ ၁ ရက်နေ့ထိ ကျင်းပခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး