သံတွဲ ဖေဖေါ်ဝါရီ ၁
ရခိုင်ပြည်နယ် ၊သံတွဲမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ကြီးမှူးကျင်းပသည့် ပြည်နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုဖေဖေါ်ဝါရီ ၁ရက်နေ့ ညနေ၃ နာရီက သံတွဲမြို့အတွင်း ကျင်းပပြုလုပ်သည်။
အဆိုပါလောင်းလှူရာတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းစစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ် ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်လင်းနှင့်ဝန်ထမ်းများ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်သာစိန်နှင့် ဝန်ထမ်းများ ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ နှင့်ပြည်သူများက သံတွဲမြို့အတွင်းရှိ ရဟန်းသံဃာ၊ ရှင်သာမဏေအပါး၁၀၆ပါးတို့အား ဆွမ်းဆန်တော်နှင့် လှူဘွယ်ဝတ္ထုများကို စေတနာ သဒ္ဒါတရားထက်သန်စွာလောင်းလှူခဲ့ကြကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်