မြေပုံမြို့၌ သံဃာတော်များအား မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုင်စွာကျင်းပ

မြေပုံ ဖေဖော်ဝါရီ ၃

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြေပုံမြို့နယ်အတွင်းရှိ  မြို့ပေါ်နှင့် ကျေးရွာများမှ သံဃာတော်များ၊ သာမဏေများအား မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုဖေဖော်ဝါရီ(၁)ရက်နေ့ ည ၃ နာရီက မြေပုံမြို့၌ စည်ကားသိုက်မြိုင်စွာ ကျင်းပကြသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် သံဃာတော်နှင့် သာမဏေများက မြေပုံမြို့ မြို့မဓမ္မာရုံစုရပ်မှ တရုတ်တန်းလမ်းမကြီး၊ သဲတန်းရပ်ကွက် သင်္ဘာဆိပ်ဆင်းလမ်း၊ ကမ်းနားလမ်း မြို့ပတ်လမ်းတစ်လျှေက် လှည့်လည်၍ အလှူတော်ခံယူရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်နှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ မြို့ပေါ်နှင့် ကျေးရွာများမှ ပြည်သူများက  သံဃာတော်နှင့် ရှင်သာမဏေ စုစုပေါင်း ၂၀၀ ပါးခန့် ပင့်ဖိတ်၍ ဆွမ်းဆန်နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းကြကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)