ထန်းတပင်(ရန်ကုန်) ဖေဖော်ဝါရီ ၃
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အား Green City, Clean City မြို့ဖြစ်စေရေး ရည်ရွယ်၍ သစ်ပင်နှင့်ပန်းအလှပင်များစိုက်ပျိုးခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ (၁) ရက်နေ့ မွန်းလွဲပိုင်းက ဗိုလ်ချုပ်လမ်းရှိ ထန်းတပင်မြို့အဝင်တွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သစ်ပင်နှင့် ပန်းအလှပင်များစိုက်ပျိုးခြင်း အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့ဝင်များက ပန်းအလှမျိုးစုံပေါင်း (၇)ထောင်ခန့်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သစ်ပင်နှင့်ပန်းအလှပင်များ စိုက်ပျိုးခြင်းကို ဇန်နဝါရီလ(၃၁)ရက်နေ့မှစတင်၍ စိုက်ပျိုးခဲ့ကြခြင်းဖြစ်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်ကာ စိုက်ပျိုးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)