ချမ်းအေးသာစံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

ချမ်းအေးသာစံ ဖေဖော်ဝါရီ    ၂

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၁နာရီခွဲ က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ သကျသီဟဘုရားဝင်းရှိ ဗုဒ္ဓဂုဏ်ရောင် ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ချမ်းအေးသာစံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဝေလင်းနှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြား ၅၄ ကတ်အား ဒေးဝန်းအနောက်ရပ်ကွက်၊ ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်နှင့် အောင်နန်းရိပ်သာ အနောက်ရပ်ကွက်တွင် နေထိုင်ကြသော ပြည်သူများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

ပန်းခင်းစီမံချက်အဖြစ် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အသက် (၁၈)နှစ်ပြည့် လာမည့်သူနှင့် အသက် (၁၈)နှစ်ပြည့်ပြီးသူများအား ၂၀၀၄ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ ရှေ့ပိုင်း မွေးဖွား သူများအား အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရရှိသေးသူများ၊ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး လက်ဝယ်ရရှိရေး တို့အား သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးမှူးရုံးများတွင်လည်း ဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်းသိရသည်။

ထိပ်ထားနိုင် (ပြန်/ဆက်)