ရွှေကူ ဖေဖေါ်ဝါရီ ၁
ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ရွှေကူမြို့နယ်၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်တာဝန်ထမ်းဆောင်မှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဌာနဆိုင်ရာများ၊ စစ်မှုထမ်း ဟောင်းအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များမှ စုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်တာဝန်ထမ်းဆောင်မှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာများမှ စုပေါင်း၍ မြို့ပေါ်ရပ်ကွက်မျာ အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၁၇)ကျောင်းသို့ ဌာနဆိုင်ရာအလိုက် ဆရာဒကာ ကျောင်းများ၌ ဆွမ်း၊ သင်္ကန်း၊ လှူဘွယ်ဝတ္ထုပစ္စည်းများဖြင့် ဆက်ကပ် လှူဒါန်းခဲ့ကြပြီး၊ မြို့နယ် မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့မှ အမှတ်(၄)ရပ်ကွက်ရှိ သီလရှင်ကျောင်းတွင် ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်းသိရှိရသည်။
ဆက်လက်၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများအနေဖြင့် ရွှေကူမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့်ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ ရန်ပြေမာန်ပြေဘုရားဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ရွှေကူမြို့နယ် စည်ပင်သာယာရေးအဖွဲ့လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးလွင် နှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးကျော်စွာထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင် များစုပေါင်း၍ အမှတ်(၁)ဈေးရှေ့ရှိ ရေနှုတ်မြောင်းအတွင်းရှိ အမှိုက်များဖယ်ရှားခြင်း၊ ရေဆိုးများ စုပ်ထုတ်ခြင်းများကို ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ရွှေကူ(ပြန်/ဆက်)