ညောင်ဦး ဇန်နဝါရီ ၃၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက် ၉နာရီအချိန်က ခရိုင်ပြည်သူ့စာကြည့် တိုက်တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က ကျောင်းသားကျောင်းသူများအနေဖြင့် စာအုပ်၊ စာပေများ ဖတ်ရှုခြင်းအားဖြင့် အသိပညာ၊ ဗဟုသုတများ ကြွယ်ဝစေပြီး စဉ်းစားတွေးခေါ်မှု အသိဉာဏ်များ ပိုမိုရင့်သန်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ၊ ရရှိစေပြီး၊ ကျောင်းစာအပြင် ပြင်ပ ဗဟုသုတများရရှိစေရန်အတွက် စာဖတ်ရှိန်မြင့်မားရေး စာဖတ်စွမ်းရည်ပြိုင်ပွဲများ၊ ကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ညောင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသူကျောင်းသားများက အတွဲ-၁၉ ၊အမှတ်-၁၊ဒို့ကျေးရွာဂျာနယ်မှ တိုင်းရင်းသားအားလုံး စီးလုံးညီညွတ်စွာ ထိန်းသိမ်းစောင့်ရှောက်အပ်သော အရာအကြောင်းအရာများအား အသီးသီး ဖတ်ကြားခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD