လယ်ဝေး ဩဂုတ် ၂၆
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ တားဆီးကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာရန် ယမန်နေ့ နံနက်(၈)နာရီက လယ်ဝေးမြို့ သီရိရတနာမြို့မဈေးရှေ့၌ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေ၊ နေပြည်တော်ကြက်ခြေနီ ကြီးကြပ်မှုဥက္ကဋ္ဌ ဦးအောင်ချို၊ ဒုရဲမှူးဦးဆန်းဦးနှင့် မြို့နယ်ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ ပူးပေါင်း၍ သီရိရတနာမြို့မဈေးရှေ့ ရန်ကုန်-မန္တလေး ကားလမ်းပေါ် သွားလာနေ သော မော်တော်ဆိုင်ကယ်များ၊ ခရီးသည် တင် မော်တော်ယာဉ်များနှင့် ခရီးသွား ပြည်သူ များအား အပြင်ထွက်သည့် အခါတိုင်း နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်သွားလာရန်နှင့် မလိုအပ်ဘဲ လူစုလူဝေးရှိရာနေရာများသို့ မသွားကြရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာရေးအသိပညာပေး နှိုးဆော်ချက်များကို အသိပညာပေး ပြောကြားကာ (Mask)များမပါရှိက အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရ သည်။
နေဇော်ချစ်(ပြန်/ဆက်)