မိုင်းပန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဆဋ္ဌမအကြိမ်မြောက် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်

မိုင်းပန်    ဩဂုတ်    ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ အတွင်း၌ ယနေ့ နေ့လယ် (၁) နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရှိ ဝန်ထမ်းများအား ဆဋ္ဌမအကြိမ်မြောက် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း CERP အစီအစဉ်အရ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုတို့အား အိမ်တိုင်ရာရောက် ငွေကြေး ထောက်ပံ့ခြင်း လုပ်ငန်း၊ မသန်စွမ်းသူတို့အား တစ်အိမ်တက် တစ်အိမ်ဆင်း ငွေကြေးထောက်ပံ့ခြင်းလုပ်ငန်း၊ MCCT အစီအစဉ်အရ အကျုံး ဝင်သူတို့အား စာရင်း ကောက်ယူခြင်း လုပ်ငန်းနှင့် ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အကြို မဲဆန္ဒရှင်စာရင်း ပြည့်စုံ မှန်ကန်စေရေး Door to Door စနစ်ဖြင့် စာရင်းကောက်ယူခြင်း လုပ်ငန်းစဉ်များတွင် တက်ကြွစွာဖြင့် ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မြင့်မား စေရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာ၀န်ရှိသူများမှ ဆဋ္ဌမ အကြိမ်မြောက် စားနပ်ရိက္ခာထောက်ပံ့ခြင်း အဖြစ် ဝန်ထမ်းတစ်ဦးလျှင် မြေပဲဆီ(၅ဝ)ကျပ်သား၊ ကြက်ဥ (၁၇) လုံး၊ ငါးခြောက် (၅ဝ)ကျပ်သား နှင့် ကုလားပဲ (၂)ဗူးစီ တို့အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆန်းမြင့်(ပြန်/ဆက်)