တကောင်းရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်လေးမျက်နှာဘုရားကြီး၏ (၁၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့် အညီ အကျဉ်းချုံးကျင်းပမည်

တကောင်း ဇန်နဝါရီ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင် လေးမျက်နှာဘုရားကြီး၏ (၁၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ထားသည့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့် အညီ အကျဉ်းချုံးကျင်းပမည် ဖြစ်ကြောင်း သိရသည်။

သမိုင်းဝင် လေးမျက်နှာဘုရားကြီး၏ (၁၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို တပို့တွဲလဆန်း (၁)ရက်နေ့မှ တပို့တွဲလဆန်း(၅)ရက်နေ့ထိ (ငါးရက်တိတိ) အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်၍ တပို့တွဲ လဆန်း(၅)ရက်နေ့ နံနက်ပိုင်တွင် လေးမျက်နှာဘုရားကြီးရင်ပြင်၌ တကောင်းမြို့ရှိ ဘုန်းတော်ကြီး ကျောင်းတိုက် (၄၇)တိုက်မှ သံဃာတော်(၁၀၆)ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်သွားမည် ဖြစ်ကြောင်း လေးမျက်နှာ ဘုရားကြီးဂေါပကထံမှ သိရသည်။

သီရိအောင် (တကောင်း)