ခရမ်း၊ ဇန်နဝါရီ ၂၉
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမောင်မောင်သန်းနှင့်အတူ ဝန်ထမ်းအဖွဲ့များ၊ အမှတ်(၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များသည် ခရမ်းမြို့နယ်အမှတ်(၂)ရပ်ကွက်ရှိ သဒ္ဓမ္မသိင်္ဂီသီလရှင် စာသင်တိုက်၌ ယနေ့နံနက်(၀၈:၀၀) နာရီမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ထိုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင်လူဝင်မှု ကြီးကြပ်ရေးမှူးဦးမောင်မောင်သန်းမှ ပန်ခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (အသစ်/လဲလှယ်)ခြင်းများ ပြုလုပ် ပေးရာတွင် သိသင့်သိထိုက်သည့် အချက်များနှင့် ပန်းခင်းစီမံချက်ဆောင် ရွက်ပေးနေမှုများ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားကိုင်ဆောင်သူများ၏ ရပိုင်ခွင့်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူတို့လိုက်နာရမည့် စည်းကမ်းချက်များ၊ အိမ်ထောင်စုလူဦးရေ စာရင်းလျှောက်ထားမှု၊ မွေးဖွားသေဆုံး/ ပြောင်းဝင်/ပြောင်းထွက် လုပ်ငန်းတို့၏ အရေးပါပုံတို့နှင့်အတူ ပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြုပြင်ခြင်းနှင့် ပျောက်ဆုံးပျက်စီးမှုများရှိပါက သက်ဆိုင်ရာဦးစီးဌာနသို့ ဆက်သွယ်ပြုလုပ် နိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ ပြီးပြုလုပ်ပြီးစီးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် အမှတ် (၂)ရပ်ကွက် အတွင်းရှိ ပြည်သူ(၅၅)ဦးကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရသည်။
ကိုမင်း (ခရမ်း)