မုံရွာတက္ကသိုလ်၌ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ စိန်ရတုအထိမ်းအမှတ်အဖြစ် စာစီစာကုံး ပြိုင်ပွဲ၊ကဗျာပြိုင်ပွဲနှင့် ဆောင်းပါးပြိုင်ပွဲများ ကျင်းပ

မုံရွာ ဇန်နဝါရီ ၂၉

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန မုံရွာတက္ကသိုလ်တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ စိန်ရတုအထိမ်းအမှတ်အဖြစ် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ စိန်ရတု အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ဆောင်းပါးပြိုင်ပွဲများကို ယနေ့ နံနက်(၉)နာရီအချိန်က အဆိုပါ မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ်က္ကသိုလ်အဆင့် စာစီစာကုံး ပြိုင်ပွဲတွင် တွဲလက်ညီညီရှေ့သို့ချီ ပြည်ထောင်စုဆီတက်လှမ်းမည်ခေါင်းစဉ်ဖြင့် ကျောင်းသား ကျောင်းသူ(၄၀)ဦးနှင့် ဆရာဆရာမ(၅၀)ဦး၊ က္ကသိုလ်အဆင့် ကဗျာပြိုင်ပွဲတွင် သွေးစည်း ချစ်ကြည်လက်တွဲညီ တို့ပြည်ထောင်စုဖော်ဆောင်မည် ခေါင်းစဉ်ဖြင့်  ကျောင်းသားကျောင်းသူ (၁၁)ဦးနှင့် ဆရာဆရာမ(၁၁)ဦး၊ က္ကသိုလ်အဆင့် ဆောင်းပါးပြိုင်ပွဲတွင် လူမှုစီးပွားဖွံ့ဖြိုးမှ ပြည်ထောင်စုကြီးသာယာမည် ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူ(၄)ဦးနှင့် ဆရာဆရာမ (၆) ဦး၊  စုစုပေါင်းကျောင်းသားကျောင်းသူ(၅၀)ဦးနှင့် ဆရာဆရာမ(၆၇)ဦး အသီးသီး ပါဝင်ယှဉ်ပြိုင် စေခဲ့ကြောင်း သိရသည်။

ယခုလို ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်စေခြင်းဖြင့် မိမိတို့မုံရွာတက္ကသိုလ်မှ ဆရာဆရာမများ နှင့် ကျောင်းသားကျောင်းသူများအနေဖြင့် နိုင်ငံ၏ အထိမ်းအမှတ်နေ့များကို သတိတရရှိစေမည်ဖြစ်ပြီး စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ရှင်သန် ထက်မြက်ရေးနှင့် စည်းလုံးညီညွတ်ခြင်း၏ အကျိုးကျေးဇူးကိုမျိုးဆက်သစ် ကျောင်းသား ကျောင်းသူများအားလုံ သိရှိစေရန်နှင့် ထိုဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူများမှ တစ်ဆင့် အခြားသော ပြည်သူများနှင့်ကလေးငယ်များထံသို့ အသိပညာဗဟုသုတများ ပြန်လည်  မျှဝေနိုင်စေရန် ရည်ရွယ်၍ ယခုလိုပါဝင်ယှဉ်ပြိုင်စေခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကို ဇန်နဝါရီ()ရက်နေ့တွင်လည်း ဆက်လက်ကျင်းပယှဉ်ပြိုင်မည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲများအလိုက် ပထမ၊ဒုတိယ၊တတိယ ဆုရရှိသူ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများအား ဖေဖော်ဝါရီ()ရက်နေ့တွင် တာဝန်ရှိသူများမှ ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ပေးသွာမည်ဖြစ်ကြောင်း သတင်း ရရှိ သည်။

ခရိုင်(ပြန်/ဆက်)