“မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး” Talk Show ကျင်းပ

ဇမ္ဗူသီရိ ဇန်နဝါရီ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက “မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး” Talk Show ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက “မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး” Talk Show ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းဆေွးနွေးပြီး စာရေးဆရာကိုချိုစံနှင့် စာရေးဆရာ ခိုင်မင်း(နေပြည်တော်) တို့က မူးယစ်ဆေးဝါးအကြောင်း၊ စိတ်ကို ပြောင်းလဲစေသည့် ဆေးဝါးများအကြောင်း၊ မြန်မာနိုင်ငံအတွင်းကို မူးယစ်ဆေးဝါး စတင် ရောက်ရှိလာပုံ အကြောင်း၊ မူးယစ်ဆေးဝါး၊ စိတ်ကြွရူးသွပ်ဆေးပြား သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ လူမှုရေးပိုင်းဆိုင်ရာ ထိခိုက်မှုများနှင့် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ရောင်းချမှု၊ သုံးစွဲမှုများ လျော့နည်းပပျောက် သွားအောင်နှင့်  လူငယ်လူရွယ်တွေ၊ ကျောင်းသား/ ကျောင်းသူတွေအနေနဲ့ မူးယစ်ဆေးဝါး၏ ကျေးကျွန်ဘဝကို မရောက်ရှိစေဖို့အတွက် သတိပြုရမည့်အချက်များ စသည့် အကြောင်းအရာ များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း၊ အားကစားလှုပ်ရှားမှုများ စသည့်အကြောင်းအရာများကို ပြည်သူများ အသိပညာ၊ ဗဟုသုတ ရရှိစေရန် အတွက် Online မှတစ်ဆင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)