ပင်လောင်းမြို့၌ ဈေးအရောင်းဆိုင်ရှင်များအား အမိန့်ကြော်ငြာစာအား ချပြရှင်းလင်း

ပင်လောင်း  ဇန်နဝါရီ  ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် စည်ပင်သာယာရေး ဌာနမှ ဈေးအရောင်းဆိုင်ရှင်များအား မြို့နယ်စည်ပင်သာယာရေး ကော်မတီ၏ အမိန့်ကြော်ငြာစာအား ချပြရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမိန့်ကြော်ငြာစာများတွင် မြို့နယ်စည်ပင်သာယာရေးဌာန ကွပ်ကဲမှုအောက်ရှိ ဌာနပိုင် ဈေးများတွင် ရောင်းချလျက်ရှိသော ဈေးဆိုင်ခန်းများနှင့် ပျံကျဈေးသည်များ၊ မြို့စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်/လက်ဖက်ရည်ဆိုင်များ၊ အိမ်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ စတိုးဆိုင်များ၊ တည်းခိုခန်းများ၊ ဘေးအန္တရာယ် လုပ်ငန်းလိုင်စင်ရယူထားသော လုပ်ငန်းများ၊ အများပြည်သူ အပန်းဖြေရန် ပြုလုပ်ထားသော ပန်းဥယျာဉ်နှင့်ပန်းခြံများ၊ အပေါင်ဆိုင်များ၊ အနှေးယာဉ်များနှင့် လမ်းဘေးပျံကျ ဈေးသည်များအနေဖြင့် လပြည့်နေ့၊ လကွယ်နေ့၊ ဥပုသ်နေ့စသော ဈေးပိတ်ရက်များ ဆိုင်ပိတ်ရက်များမှအပ ကျန်ရက်များတွင် ပိတ်ထားခြင်း မပြုဘဲ စိတ်အေးချမ်းသာစွာဖြင့် ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချ လုပ်ကိုင်ကြရန်နှင့် စည်ပင်သာယာ အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်များ အားလုံး ပုံမှန်အတိုင်း လုပ်ငန်း လည်ပတ် ဆောင်ရွက်ကြရန် မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးဝင်းနိုင်ဦးက အမိန့် ကြော်ငြာစာအား ချပြရှင်းလင်း ပြောကြားပြီး၊ ဈေးအရောင်းဆိုင်ရှင်များကို  အမိန့်ကြော်ငြာစာနှင့် အများ ပြည်သူ သိရှိနိုင်စေရန် သတင်းထုတ်ပြန်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)