မိုင်းယောင်း ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်မန်းကျေးရွာအုပ်စုအတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ထပ်အွမ် ကျောက်စေတီတော် ဘက်စုံပြုပြင်ရန်အတွက် ဇန်နဝါရီ ၂၈ ရက်က ဘိလပ်မြေအိတ် ၅၀ လှူဒါန်းကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ထိုသို့လှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူနှင့် အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီတို့က ဘိလပ်မြေအိတ် ၅၀ ကို ပေးအပ်လှူဒါန်းရာ ထပ်အွမ်ကျောက်စေတီတော် ဘက်စုံပြုပြင်မွမ်းမံရေး ကော်မတီဝင်များက လက်ခံရယူခဲ့သည်။
ထပ်အွမ်ကျောက်စေတီတော်သည် မိုင်းယောင်းမြို့၏ အထင်ကရနေရာတစ်ခုဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ ကျော်က တည်ထား ကိုးကွယ်ခဲ့သော ရှေးဟောင်း သမိုင်းဝင် စေတီတော်တစ်ဆူဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း