ကွမ်းခြံကုန်း ဇန်နဝါရီ ၂၈
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်း မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခဲ့ ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် လူကုန်ကူးမှုဆိုတာ ဘာလဲ၊ ကလေးသူငယ် ကူးသန်းရောင်းဝယ်ရေး၊ လူကုန်ကူးရောင်းဝယ်မှုကို ကာကွယ်တားဆီးခြင်း၊ စသည့် အကြောင်းအရာများ ပြသထားကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online page မှ တစ်ဆင့် စာအုပ်မိတ်ဆက်၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်းအပြင် စာအုပ်များ ငှားရမ်း ပေးခြင်း၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ ကျင်းပပြုလုပ်ပေးခြင်း (Talk Show) နှင့် စာဖတ်ဝိုင်းများကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
(ဆွေနွယ်)