ပင်းတယမြို့နယ်၌ နိုင်ငံတော်မှ သတင်းထုတ်ပြန်ချက်များအား အများပြည်သူသိရှိနိုင်စေရန် အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

ပင်းတယ ဇန်နဝါရီ ၂၈

နိုင်ငံ​တော်တည်ငြိမ်​ရေးကို ထိခိုက်​စေရန် လှုံ့​ဆော်မှုများနှင့် ပတ်သက်၍ ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယ မြို့နယ်၌  အများပြည်သူ သိရှိနိုင်​စေရန် အသိပေး နှိုးဆော်ချက်များကို ဇန်နဝါရီ ၂၆ ရက် ညနေပိုင်းက စ၍ အသံချဲ့စက်များဖြင့် လိုက်လံ​ကြေညာ​ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါသတိပေး နှိုးဆော်​ကြေညာဆောင်ရွက်ခြင်းကို ဌာနဆိုင်ရာများ ပူးပေါင်းကာ နိုင်ငံတော် တည်ငြိမ်ရေးကို ထိခိုက်စေရန် လှုံ့ဆော်မှုများနှင့် ပတ်သက်ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်အပေါ် အလေးအနက်ထား ထိရောက်စွာ လိုက်ပါဆောင်ရွက်ရေး၊ ယခုအခါ အကြမ်းဖက် အုပ်စုများ ဖြစ်သည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ၏ Facebook account များမှ နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး Silence Strike (အသံတိတ်သပိတ်) ပြုလုပ်ရန်၊ လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်းများ စသည်ဖြင့် အသံထွက်သပိတ် ပြုလုပ်ရန် လှုံဆော်မှုများ၊ လူမှုကွန်ရက် များ၌ ပျံ့နှံ့​နေသည်ကို​ တွေ့ရှိရပြီး၊ ပြည်သူများအနေဖြင့် ယင်းတို့၏လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများ အပေါ် နားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါဆောင်ရွက်ခြင်းနှင့် အသံဖြင့်ဖြစ်စေ ပြုလုပ်ခြင်း လှုံ့ဆော်ဝါဒဖြန့်မှုများအပေါ် ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ အစရှိသည်တို့ကို ပြုလုပ်မိပါက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲ ဥပဒေများအရ အရေးယူခံရနိုင်ကြောင်း အသိပေး ထုတ်ပြန်ခြင်းအား ရပ်ကွက်များ အတွင်း အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ပင်းတယ (ဒေသပြန်/ဆက်)