ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးစစ်ဆေးဆောင်ရွက်

ကွမ်းခြံကုန်း ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် အတွင်းရှိ ဌာနဆိုင်ရာရုံး (၃၀)ရုံးအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် မီးသတ်စခန်းမှ ဦးစီးမှူး ဦးမြတ်သူထိုက် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ယမန်နေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။     

ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်စခန်း ဦးစီးမှူး ဦးမြတ်သူထိုက်နှင့် တပ်ဖွဲ့ဝင် များက ကွမ်းခြံကုန်းမြို့နယ် ဌာနဆိုင်ရာရုံး(၃၀)အား မီးဘေးလုံခြုံရေး စီမံချက်ပါ အတိုင်း မြေပြင်အခြေအနေ၊ မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများ ထားရှိမှုရှိ/မရှိ၊ မီးသတ်ဆေးဘူး ဆောင်ရွက်ထားရှိမှု၊ မီးဘေးလုံခြုံရေးအတွက် မီးသတ်ပစ္စည်း ကရိယာများထားရှိမှု အရေးပေါ်အခြေအနေများတွင် အသုံးပြုနိုင်မည့် မီးသတ် ပစ္စည်းကြံ့ခိုင်မှု ရှိ/မရှိနှင့် စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးများ စစ်ဆေးဆောင်ရွက်ခြင်းဖြင့် ဌာနဆိုင်ရာရုံးများ၏ လိုအပ်ချက်ကို အကြံပြုချက်များအား ဆောင်ရွက်ပေးခြင်းဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း မီးသတ်စခန်းဦးစီးမှူး ဦးမြတ်သူထိုက်ထံမှ သိရသည်။

ဆွေနွယ်(ပြန်/ဆက်)