ကျိုင်းတုံမြို့နယ်တွင် အများပြည်သူသိရှိနိုင်စေရေး သတင်းထုတ်ပြန်ချက်များ လိုက်လံအသိပေး နှိုးဆော်

ကျိုင်းတုံ ဇန်နဝါရီ  ၂၈

ရှမ်း​ပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးလှိုင်းမောင်မောင်၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်မတော် သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များတို့ ပါဝင်သော ပူးပေါင်းအဖွဲ့များက ကျိုင်းတုံမြို့နယ်တွင်  အသံတိတ်၊ အသံထွက် သပိတ်များ မပြုလုပ်ကြရန် ယမန်နေ့ ၂ နာရီက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ  အများပြည်သူ သိရှိစေရန် သတင်းထုတ်ပြန်ထားသည့် သတင်း ထုတ်ပြန်ချက်များကို ​မြန်မာ၊ ရှမ်း၊ အာခါ၊ လားဟူ တျုင်းရင်းသားဘာများဖြင့် လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။  

ဦးအောင်ဇင်မြင့် (ပြန်/ဆက်)