မြောက်ဦး ဇန်နဝါရီ ၂၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောက်ဦးခရိုင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရှေ့တန်းအမှတ်(၅၅)၊ ခြေလျင်တပ်မဌာနချုပ်၊ တပ်မမှူးတက်ရောက်ပြီး မြို့နယ်တစ်ခု ဖွံ့ဖြိုးတိုးတက်မှုရေး အတွက် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးတို့နှင့် သက်ဆိုင်ပြီး နိုင်ငံဝန်းထမ်းများသည်လည်း မိမိတို့တာ ဝန်ထမ်းဆောင်ရာ ဌာနတွင် စွမ်းစွမ်းတမံ ကြိုးစား၍ မိမိတို့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြရန်မှာ ကြားခဲ့သည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်မှလည်း မြောက်ဦးခရိုင်အတွင်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (၅၀) ရာခိုင်နှုန်းကျော် ထိုးနှံပြီးသွားပြီဖြစ်သည်။ မြောက်ဦး မြို့ပေါ်ရပ်ကွက်များတွင် အမှိုက်များကို အမှိုက်ပုံးထဲတွင် စည်းကမ်းတကျပစ်ကြရန်နှင့် နွေရာသီတွင် ရပ်ကွက်များတွင် ရေရရှိရန်ခက်ခဲနေသောကြောင့် လက်ဆည်ကန်ကို ထပ်မံတူး ဖော်ပြီးဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယရဲမှူးကြီး ခင်မောင်စိုးက မြို့နယ်အတွင်းရှိ လမ်းစည်းကမ်းနှင့် ယာဉ်စည်းကမ်းများ အသိပညာပေး ဆောင်ရွက်ထားရှိမှု အခြေအနေ တို့ကို လည်းကောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်မှ မြောက်ဦးမြို့နယ်အတွင်း ရှိစာသင်ကျောင်းများတွင် ကျောင်းဆရာ/ဆရာမ (၁)ဦးတည်သာ ရှိ၍ ထိုကျောင်းများတွင် လူအင်အားထပ်မံဖြည့်တင်းနိုင်ရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပဉ္စမအကြိမ်ရဲ့ဒုတိယမြောက်အကြိမ်မထိုးရသေးသော ပြည်သူများကို ထိုးနိုင်ကြရန် ထမ်မံ တောင်းခံထား ပြီးဖြစ်ကြောင်းတို့ကို ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်မီးသတ် ဦးစီးမှူးမှလည်း ပွင့်လန်းရာသို့ ရောက်ပြီလာဖြစ်ရာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆက်တိုက်လေ့ကျင့်မှုများ ဆောင်ရွက် လျက်ရှိကြောင်းနှင့် ခရိုင်ပညာရေးမှူးက အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အဆင့် ကျောင်းသား/ကျောင်းသူများကို မတ်လအတွင်း စာမေးပွဲစစ်ဆေး သွားမည်ဖြစ်ကြောင်း ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှလည်း ပန်းခင်းစီမံချက် (၇၆.၇၅) ရာခိုင်နှုန်းပြီးစီးမှု အခြေအနေအား လည်းကောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ရှေ့တန်းအမှတ်(၅၅)၊ ခြေလျင်တပ်မဌာနချုပ်၊ တပ်မမှူးမှ ဌာနဆိုင်ရာ အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရန်နှင့် မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို တိုးတက်အောင်မြင်အောင် လုပ်ဆောင်ကြရန်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများမှ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအပေါ်အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်စိုး (ပြန်/ဆက်)