ရန်ကုန် ဩဂုတ် ၂၆
ရန်ကုန်တိုင်ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် မကူးစက်နိုင် သော ရောဂါ များ မဖြစ်ပွားစေရန် ရည်ရွယ်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက် ထုတ်ယူသူများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းကို ယနေ့ နံနက်(၉) နာရီက ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ တပ်ဖွဲ့ဝင် များက အင်းစိန် မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာ ရောက်ထုတ်ယူသူများ အား ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်း လုပ်ငန်း များကို ဩဂုတ်လ(၃၁)ရက်နေ့အထိ နေ့စဉ်နံနက်(၇) နာရီအချိန်မှ နေ့လယ်(၂)နာရီအချိန်ထိ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရ သည်။
ဇွဲထက်ကို(ပြန်/ဆက်)