မြစ်သားမြို့နယ်၌ ပြည်သူများသိရှိစေရန် သတင်းထုတ်ပြန်ချက်လက်ကမ်းစာစောင်များဖြန့်ဝေ

မြစ်သား ဇန်နဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ပြည်သူများသိရှိလိုက်နာစေရန်   သတင်းထုတ်ပြန်ချက် လက်ကမ်းစာ စောင်များဖြန့်ဝေခြင်းကို ယမန်နေ့ညနေပိုင်းက မြစ်သားမြို့ဗိုလ်ချုပ်လမ်း ရွှေမုဌောဘုရားရှေ့၊ လုပ်အားကြေးမုံခန်း  မရှေ့နှင့်  လူစည်ကားရာနေရာများတွင် လမ်းသွားလမ်း ပြည်သူများထံ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြန့်ဝေရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးအေးခိုင်၏ ဦးဆောင်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုများ ဖြစ်သည့် CRPH၊ NUGနှင့် ယင်းတို့၏လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့် ပတ်သက်ဆက်နွယ်နေသူ ပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများအပေါ် လိုက်လုပ်ခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှ ဝေခြင်း၊ အားပေးကူညီ ခြင်းများမပြုလုပ်ကြရန်နှင့် ပြုလုပ်ပါက ဉပဒေအရ အရေးယူခံရနိုင်ပြီး ပြစ်မှုနှင့် သက်ဆိုင်သည့် ပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေအရ နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း အသိပေးထုတ်ပြန် ချက်လက်ကမ်းစာစောင်များအား  ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ပေးပို့သူ-မြမြမမွန်(ြမစ်သား)