ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ပုံ​ပြောပြိုင်ပွဲဆုရ​ကျောင်းသား ​ကျောင်းသူများကို ဆုချီးမြှင့်ပွဲ ကျင်းပ

ရန်ကုန်   ဇန်နဝါရီ   ၂၇

ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ကဗျာ၊ပုံ​ပြောပြိုင်ပွဲများတွင် ဆုရ​ကျောင်းသား​ ကျောင်သူများအား ဆုချီမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Centre ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ကြေငြာသည့်၊ ကိုဗစ်-၁၉ ကပ်ရောဂါ စည်းကမ်းချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဗဟန်းမြို့နယ် စာ​ရေးဆရာအသင်းဥက္ကဌ  ဦးကိုကို​လေး (ရန်ကင်းကိုကို​လေး)နှင့် အမှု​ဆောင်များ၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လက်​ထောက်ညွှန်ကြား​ရေးမှူး​ ဒေါ်လှလှဌေးနှင့် တာဝန်ရှိသူများ၊ ဆရာမများ၊​ ကျောင်းသား​ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်​ရောက်ကြသည်။

ရှေးဦးစွာ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြား​ရေးမှူး ​ဒေါ်လှလှ​ဌေးက၊ (၇၅)နှစ်​မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပရခြင်းသည် မျိုးချစ်စိတ်ဓါတ်၊ ပြည်ထောင်စုစိတ်ဓါတ်ကို ပြည်လည်​ဖော်ထုတ်နိုင်​​စေပြီး၊ ပြည်ထောင်စုသားအချင်းချင်း စည်လုံးညီညွတ်မှုဖြင့် နိုင်ငံ​တော်၏ လွတ်လပ်ရေးနှင့် အချုပ်အချာအာဏာ ထာဝစဉ်တည်တံ့ခိုင်မြဲ​စေရန်၊ နိုင်ငံ​တော်ဖွံ့ဖြိုးတိုးတက်​ရေး ပူပေါင်းလက်တွဲ ကာကွယ်စောင့်ရှောက်နိုင်စေရန်၊ ပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူ လူငယ် လူရွယ်များ ပြည်ထောင်စုနေ့နှင့်ဆိုင်သော ဗဟုသုတများ သိရှိနားလည်ပြီး၊ ဉာဏ်ရည်ထက်မြက် သည့် ဘက်စုံထူးချွန်သော လူရည်မွန်၊ လူရည်ချွန်များ ဖြစ်လာစေရန်၊ မျိုးချစ်စိတ်ဓါတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓါတ် ရှင်သန်ထက်မြက်ပြီး နှောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရမည့် ထူးချွန်ထက်မြက်​သော လူစွမ်းအားအရင်းအမြစ်များ​ မွေးထုတ်ပေးနိုင်သည့် လူချွန်၊ လူကောင်းများ ဖြစ်လာစေရန်၊ မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များ၊ သမိုင်းအစဉ်အလာများကို သိရှိနာလည်ပြီး အာရုံစူးစမ်းလေ့လာမှုနှင့် ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်မှုရရှိစေရန်၊ ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်​ကြောင်း ရှင်းလင်း​ပြောကြားသည်။

ဆက်လက်၍ အဆိုပါပြိုင်ပွဲများကို ဗဟန်းမြို့နယ် အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား ကျောင်သူများနှင့် ဗဟန်းမြို့နယ် အမှတ်()၊ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြသည်။

ယင်းနောက် ဗဟန်းမြို့နယ် စာရေးဆရာအသင်း၊ ဒုတိယဥက္ကဌနှင့် အလုပ်အမှုဆောင်များက အခမ်းအနားနှင့် ပတ်သက်၍ အသီးသီးအမှာစကားများ​ ပြောကြားကြသည်။ ဆက်လက်၍ ပြိုင်ပွဲများဖြစ်သော စာစီးစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ များတွင် ပါဝင်ယှဉ်ပြိုင်ကြသူများမှ ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုနှင့် အထူးဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထို​နောက်အခမ်းအနား တက်​ရောက်လာကြသူများက (၇၅)နှစ်​မြောက် ပြည်​ထောင်စု​နေ့ အထိမ်းအမှတ်အဖြစ် ပြသထား​သော သမိုင်းဝင် ဓါတ်ပုံမှတ်တမ်းများကို​ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

အောင်မြင့်