နမ္မတူ ဇန်နဝါရီ ၂၇
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ နမ္မတူမြို့နယ် (IDP)စခန်း (၃)ခုရှိ တိုက်ပွဲရှောင် ပြည်သူများအား အဝတ်အထည်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နေ့လည် (၁)နာရီခွဲအချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ် မြို့နယ်တိုက်ပွဲရှောင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်း၊ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်နှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ခံ ဒေါ်ကုဋေဦး တို့က ကြူဆော့ (IDP) စခန်း၊ ကချင် (IDP) စခန်း၊ လီဆူ (IDP) စခန်းတို့ရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၁၀)စု၊ လူဦးရေ (၅၀၁)ဦးတို့အတွက် လူကြီးအဝတ်အထည် (၅၀၂)ထည်၊ ကလေးအဝတ်အထည် (၁၄၄)ထည်၊ လက်ဆေးဆပ်ပြာခဲ (၅၅၀)ခဲ၊ ရေမလိုလက်သန့်ဆေးရည် (၅၀၀)ml ဘူး (၁၁၀)ဘူးနှင့် အဝတ်ပါးစပ်နှင့် နှာခေါင်းစည်း (Mask) (၁၀၀၂)ခုတို့အား တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ခံ ဒေါ်ကုဋေဦးထံက သိရသည်။
လူမော်