နောင်ချို ဇန်နဝါရီ ၂၇ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိသူများကို ယမန်နေ့ နံနက် (၉)နာရီအချိန်မှစ၍ နောင်ချိုမြို့ မဏိရတနာခန်းမ၌ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ဒုတိယအကြိမ်ကို ဒီဇင်ဘာလအတွင်း ပထမအကြိမ် ထိုးနှံခဲ့သူများ ပထမအကြိမ် ထိုးနှံခဲ့ပြီး အကြောင်း အမျိုးမျိုးကြောင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများကို ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာန သိရသည်။
နောင်ချိုမြို့နယ်အနေဖြင့် ကာကွယ်ဆေးထိုးနှံခြင်းကို ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပြီး ဆေးမထိုးမီ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကာကွယ်ဆေး ထိုးနှံပြီးသူများအား မိနစ်(၃၀)ခန့် အနားယူစေခြင်းများကို ကျန်းမာရေးဌာနနှင့်အတူ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့များက ပူးပေါင်းပါဝင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထွေးငယ်