တွံတေးမြို့နယ် တကလှဲကျေးရွာ၌ နွေစပါးစတင်စိုက်ပျိုး နွေစပါးစိုက်ပျိုးမှု ဖြစ်ထွန်းအောင်မြင်

တွံတေး  ဇန်နဝါရီ   ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် တကလှဲကျေးရွာအုပ်စု၊ တကလှဲကျေးရွာတွင် နွေစပါး စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းနေပြီး တွံတေးမြို့နယ်တွင် ၂၀၂၀ ခုနှစ် မိုးစပါးစိုက်ပျိုးရန် စိုက်ဧက (၈၂၀၃၂)ဧက လျာထားဆောင်ရွက်ခဲ့ပြီး နွေစပါးကိုစိုက်ပျိုးဧက (၃၂၉၃၈)ဧက လျာထားဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

တွံတေးမြို့နယ်တွင် ကျေးရွာများ၌ မိုးစပါးရိတ်သိမ်းပြီး ရေအဆင်းပြေသော ဒေသများတွင် နွေစပါးကို အဓိကထား စိုက်ပျိုးကြကာ သီးထပ်သီးညှပ်များဖြစ်သည့် တိုင်ထောင်ပဲ၊ ခရမ်း၊ ငရုပ်၊ ကဇွန်း၊ ဗူး၊ ခဝဲ၊ ပြောင်း၊ သခွားနှင့် အာဆီယံသပြေများကို စိုက်ပျိုးကြ ကြောင်းလည်း သိရှိရသည်။ နွေစပါးကို ဒေသနှင်ကိုက်ညီပြီး အရောင်းအဝယ်ရှိသော စပါးမျိုးများဖြစ်သည့်  ရက် (၉၀) ၊ အညာသား၊ ရွှေဘိုချွန်း စပါးမျိုးများကိုသာ အဓိကထားကာ တောင်သူများက စိုက်ပျိုးကြကြောင်းလည်း သိရသည်။

နွေစပါးစိုက်ပျိုးတောင်သူတစ်ဦးက “ ကျွန်တော်က တကလှဲကျေးရွာက စပါးစိုက်တောင်သူတစ်ဦးပါ စိုက်ဧက (၂၀)ရှိပြီး မိုးစပါးကို တောင်ပျံစိုက်ပြီး ထွတ်နှုန်းက တစ်ဧကကို စပါးတင်း (၅၀)သာ ထွတ်ရှိပြီး ကုန်ကြစရိတ်က တစ်ဧကကို ငွေကျပ် ၃၀၀၀၀၀ ကျပ်မှ ၄၀၀၀၀၀ ကျပ်လောက် ကုန်ကျကြောင်းသိရှိရသည်။ မိုးစပါးက မိုးတွင်းအခါမှာက ရာသီဥတုဒဏ်ကြောင့် ရေကြီးနစ်မြုပ်ခြင်း၊ ရွှေခရုဖျက်ဆီးခြင်း၊ ပိုးကျခြင်း တွေ့ရှိတဲ့အတွက် အထွတ်နှုန်းလျော့နည်းလို စပါးစိုက်တောင်သူများက ချောင်း၊ မြောင်းနီးသူများက နွေစပါးကို အဓိကထားစိုက်ပျိုးကြောင်း၊ ကျွန်တော်လယ်ဧက (၂၀)  ရှိပါတယ်။ မိုးစပါး၊ နွေစပါး နှစ်မျိုးစလုံး ဧကအပြည့် စိုက်ပါတယ်။ စပါးမျိုးကတော့ ဒေသက အသုံးများပြီး ဝယ်လက်ဝယ်ယူတဲ့ စပါးမျိုး၊ ဒေသနဲ့လည်း ကိုက်ညီတဲ့ စပါးမျိုးကိုဘဲ စိုက်ရတာပါ။ တစ်ဧက ၁၀၀ ကျော်သီးတဲ့ စပါးတွေ့ရှိပါတယ်။ ဒေသနဲ့ မကိုက်ညီတဲ့အတွက်ရယ် ဝယ်လက်မဝယ်တဲ့ စပါးမျိုးဖြစ်တဲ့အတွက် ကျွန်တော်တို့ မစိုက်ဘူး။ ဒီနားတစ်ဝိုက်မှာကတော့ အဓိက ရက် (၉၀)၊ အညာသား၊ ရွှေဘိုချွန်းကိုဘဲ စိုက်ပျိုးကြပါတယ်။ ဒီစပါးမျိုးတွေ့က ဒေသနဲ့ဆိုရင် စပါးတင်း (၉၀) မှ (၁၀၀)ထိ ထွတ်ရှိကာ စပါးထွတ်ရှိရေးအတွက် မြေသြဇာကိုလည်း သူရက်ပတ်နဲ့သူ ပုံမှန်ပတ်ဖြန်း ပေးရတယ်။ ပိုးကျရင်လည်း ပိုးသတ်ဆေးကို သူရဲ့စံချိန် စံညွှန်းနဲ့အညီ ဖြန်းပေးခြင်း၊ မြေသြဇာကို တစ်ဧက (၄)အိတ်နှုန်း သုံးစွဲရကြောင်း၊ ဒီနှစ်မှာတော့ မြေသြဇာစျေးကတက်၊ စက်မောင်ဆီကလည်း စျေးအဆမတန် တက်လာတော့ နွေစပါးစိုက်တောင် သူတွေ ဒုက္ခရောက်တာပေါ့ဗျာ။ နွေစပါးဖြစ်သည့်အတွက် လယ်မြေအတွင်းကို ချောင်း၊ မြောင်းတွေထဲကနေ ရေကိုတစ်ရက်ခြား၊ နှစ်ရက်ခြား တင်ပေးရကြောင်း၊ တစ်ဧကို ဒီဇင်ဂါလံ (၁၀)ဂါလံခန့် ကုန်ကျတယ်။ စပါးစျေးနှုန်းက အတက်အကျရှိကြောင်း၊ စပါးစိုက်တောင်သူတွေ့က ရေအဆင်ပြေရင် နွေစပါးကို ပိုမိုစိုက်ပျိုးကြပြီး နွေစပါးကတစ်ဧကကို  ကုန်ကျစရိတ် (၃၀၀၀၀၀)ကျော် ကုန်ကျပြီး မိုးစပါးစိုက်တာက ရာသီဥတုကြောင့် အပျက်အဆီးများတဲ့အတွက် မြစ်၊ ချောင်း၊ မြောင်း၊ တူးမြောင်းနဲ့ နီးတဲ့တောင်သူ တွေ့ကတော့ မိုးစပါးထက် နွေစပါးကို အဓိကထား စိုက်ပျိုးကြပါတယ်။ ဒီနှစ်မှာ နွေစပါးစိုက်ပျိုးတောင်သူတွေ စိုက်ဧက အရင်ကထက် နည်းနည်းလျော့မယ် ထင်တယ်။ မြေဆီစျေး၊ စက်သုံးဆီစျေး တက်နေတာကြောင့် ရေအဆင်ပြေတဲ့ နေရာလောက်ဘဲ စိုက်ဖြစ်မှာပါ။ နွေစပါးက အထွတ်နှုန်းကလည်း ပိုတာကြောင့် တောင်သူတွေ့ ဂရုထားပြီး စိုက်ပျိုးကြကြောင်း တကလှဲကျေးရွာနေ တောင်သူ ဦးဝင်းရီက ပြောပါတယ်။

တွံတေးသား