ခေါဇာ ဇန်နဝါရီ ၂၇
ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားလာပြီး ကလေးအလုပ်သမားများ လျော့နည်းပပျောက်ရေးအတွက်ရည်ရွယ်၍ မော်လမြိုင်ခရိုင် ခေါဇာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးနံရံကပ် စာစောင်ပြသ ခြင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက် များနှင့် အညီကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်ပြဘုတ်တွင် ကလေးအလုပ်သမားနှင့် ပတ်သက်၍အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားများသည် တရားဝင်အလုပ်သမား များမဟုတ်ကြောင်း၊ ကလေးအလုပ်သမားများနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာပြဌာန်းချက်များ၊ ဘေးအန္တရာယ် ကျရောက်နိုင်သော နေရာများတွင် အလုပ်လုပ် ကိုင် နေရသောကလေးအလုပ်သမား၏ အခြေအနေများ၊ ကလေးအလုပ်သမားများသည် ကာယကံရှင်များအတွက်သာမကနိုင်ငံအတွက် ဆင်းရဲနွမ်းပါးမှု လျော့ ချရေးအား ဦးစားပေးလုပ်ဆောင်ရာတွင် အမျိုးသားဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ်အနှောင့်အယှက်ဖြစ်စေပြီး လူ့စွမ်းအားအရင်း အမြစ်ဆုံးရှုံးမြင့်မား စေကြောင်းစသည့် အကြောင်းအရာများအားပြသထားရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ခေါဇာ (ပြန်/ဆက်)