သုံးခွမြို့နယ်မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံသူများ၏ ရင်တွင်းစကားသံများ

သုံးခွ  ဇန်နဝါရီ  ၂၇

 ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင်  အသက်၁၈နှစ်အထက် ပြည်သူများ၊ သံဃာတော်များ၊ အသက် ၆၅နှစ် နှင့်အထက် အဘိုးအဘွားများ၊အစိုးရ၊ ပုဂ္ဂလိက ဆေးရုံဝန်ထမ်းများ၊ သယ်ယူပို့ဆောင်ရေး ဝန်ထမ်းများ၊ စည်ပင်သာယာ ဝန်ထမ်းများ၊ ဘဏ်လုပ်ငန်းများမှ ဝန်ထမ်းများ၊ လူမျိုးမရွေး၊ ဘာသာမရွေး ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးကို စဉ်ဆက်မပျက် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပြီးသူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုလို ကြားသိရပါသည်။

 မစန်းစန်းထွန်း(၁၈)နှစ် ညောင်လန်းကုန်းကျေးရွာ၊ သုံးခွမြို့ သမီးက အသက်၁၈ ပြည့်ပြီးလို့ ကာကွယ်ဆေးကို လာရောက် ထိုးနှံခြင်းဖြစ်ပါတယ်၊ ကာကွယ်ဆေး ထိုးချင်တာတော့ကြာပါပြီ အသက်၁၈နှစ်မပြည့်သေးလို့၊ အခုလိုကာကွယ်ဆေး ထိုးခွင့်ရလို့ ၀မ်းသာမိပါတယ်၊ လူအများကြားထဲသွားလာရာမှာလဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ သွားလာလို့ရတာပေါ့၊ အခုဆို အိုမီခရွန် ရောဂါတွေ ကြားနေရတော့ ပိုကြောက်လာတယ်၊ ကာကွယ်ဆေးမထိုးရသေးသူ တွေလဲလာထိုးဖို့ ပြောချင်ပါတယ်၊ ဆောင်ရွက်ပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။

မောင်အောင်သူ  (၂၁)နှစ် (ကိုင်းကုန်းကျေးရွာ )

အခုလိုကာကွယ်ဆေးတွေထိုးပြီးပြီဆိုတော့ ပျော်ရတာပေါ့ဗျာ၊ ဆေးအပေါ် အပြည့်အဝ ယုံကြည်တယ်၊ အခုဆို ကိုယ်၀န်ဆောင် တွေ၊ နို့တိုက်မိခင်တွေပါ ဆေးထိုးပေးနေတာတွေ့ရတော့ သက်ဆိုင်ရာတာ၀န်ရှိသူတွေကို အထူးကျေးဇူးတင်မိတယ်။ ကာကွယ်ဆေးမထိုးနှံရသူတွေလဲ လာရောက်ထိုးနှံစေလိုပါတယ်။ အခုလို ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကိုယ့်ကိုယ့် အားရှိ သွားသလို ခံစားမိသွားတယ်၊ ဆေးထိုးလိုက်ရလို့ စိတ်ချမ်းသာပြီး ပျော်ရွှင်မိပါတယ်။

စည်သူလင်း