ဘီးလင်း အ-ထ-က​၌ (၇၅)နှစ်မြောက်စိန်ရတုပြည်​ထောင်စုနေ့အကြို မြို့နယ်အဆင့်ကျပန်း စကားပြောပြိုင်ပွဲကျင်းပ

ဘီးလင်း  ဇန်နဝါရီ  ၂၇

သထုံခရိုင်၊ဘီးလင်းမြို့နယ်တွင် (၇၅) နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အကြို မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့ မွန်းလွဲ နာရီက --က(ဘီးလင်း)ကျောင်း၌ ကျင်းပပြုလုပ်သည်။

ပြိုင်ပွဲတွင် အမှတ်ပေးဒိုင်ဖြစ်သူ --က(ကဇိုင်း)​ကျောင်း မှကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူလှိုင်က အမှတ်ပေး စည်းမျဉ်းစည်းကမ်း များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် "စည်းလုံးညီညွှတ်မှုဖြင့် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့မှသည် ရတုအဆက်ဆက်ဆီသို့" ခေါင်းစဉ်ဖြင့် ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ဘီးလင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း ()ကျောင်း မှကျောင်းသား၊ ကျောင်းသူ() ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆုရရှိသူများကို ရွေးချယ်၍ မြို့နယ်ကိုယ်စားပြုအဖြစ် ဖေဖော်ဝါရီ () ရက်နေ့တွင်မော်လမြိုင်မြို့၌ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထူးနောင် ဘီးလင်း(ပြန်/ဆက်)