ရန်ကင်း ဇန်နဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှုအန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာစေရေးအတွက် ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က အမှတ်(၆)ရပ်ကွက် သစ္စာလမ်း MIC ရုံးရှေ့တွင် တွင် ယာဉ်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အများပြည်သူအန္တရာယ်ကင်းစွာ သွားလာနိုင်ရေး ယာဉ်တိုက်မှု မဖြစ်ပွားစေရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့်အဖွဲ့၊ ခမရ(၅၃၃)မှဗိုလ်မှူးမင်းမင်းထွန်းနှင့်အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)ဗိုလ်မှူး ကျော်ကျော် ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်မြို့နယ် မီးသတ်တပ်ဖွဲဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ လူစည်ကားရာနေရာများ၊ ယာဉ်အသွား အလာ များပြားသည့် လမ်းဆုံ၊ လမ်းမကြီးတို့တွင် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့်ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာစေရေး၊ ယာဉ်လမ်း ရှင်းလင်းစေရေးအတွက် မော်တော်ယာဉ် (၈၇)စီး စစ်ဆေးခဲ့ရာ စည်းကမ်းပျက်ယာဉ် (၄) စီးအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှလှထွေး (ပြန်/ဆက်)