ကျောက်ဖြူခရိုင် Community Centre ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲကျင်းပ

ကျောက်ဖြူ     ဇန်နဝါရီ  ၂၇

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်၊ စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် စစ်တုရင်ပြိုင်ပွဲအား ယနေ့ နံနက် ၁၀ နာရီက ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ကျင်းပသည်။

ရှေးဦးစွာ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်() ဒေါ်သိန်းသိန်းနိုင်က စစ်တုရင်ပြိုင်ပွဲ ပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် သတ်မှတ်ထားသည့် အမှတ်ပေး စည်းမျဉ်း၊ စည်းကမ်းများအား ပြိုင်ပွဲဝင်သူများ သိရှိစေရန်ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက် စစ်တုရင်ပြိုင်ပွဲအားဆက်လက်ကျင်းပခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား  တာဝန်ရှိသူများက အမှတ်တရဆု လက်ဆောင်ပစ္စည်းများ ပေအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း