တောင်ဥက္ကလာပမြို့နယ်၌ နယ်လှည့်စာကြည့်တိုက်လုပ်ငန်း စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်း ဆောင်ရွက်

တောင်ဥက္ကလာပ   ဇန်နဝါရီ  ၂၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူစာပေဖတ်ရှုသည့် အလေ့ အထရရှိစေရန်၊ စာပေမှရရှိသည့် အသိပညာဗဟုသုတများ တိုးပွားစေရန်၊ စာဖတ်ရှိန်မြင့်မာလာစေရန်ရည်ရွယ်၍ စာအုပ်စာစောင်များအား ဌာနဆိုင်ရာများ ၊ကျောင်းသား၊ ကျောင်းသူများထံသို့ လက်ဝယ်အရောက်သွားရောက်ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၁)ရပ်ကွက်၊ သာသနာ့ဟိတဓမ္မာရုံသို့ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သွားရောက်၍ စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့စာအုပ်၊ စာစောင်ငှားရမ်းပေးရာတွင် သုတစာအုပ်(၃၀)အုပ်၊ ရသစာအုပ်(၁၅)အုပ် စုစုပေါင်း( ၄၅) အုပ်အား ငှားရမ်းပေးခဲ့ပြီး အဆိုပါ ငှားရမ်းထားသည့် စာအုပ်များအား ရက်သတ္တပတ်တစ်ပတ် ပြည့်လျှင် အသစ်လဲလှယ်၍ငှားရမ်းပေးသွားမည်ဖြစ်သည်။

အဆိုပါစာအုပ်စာစောင် ငှားရမ်းပေးခြင်း နယ်လှည့် စာကြည့်တိုက်လုပ်ငန်းများအား ဌာနဆိုင်ရာများ၊ ကျောင်းများ၊ရပ်ကွက်များသို လစဉ် အလှည့်ကျ စာဖတ်ပရိတ်သတ် လက်ဝယ်အရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)