ဂွ ဇန်နဝါရီ ၂၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအား စာပေဗဟုသုတများ တိုးပွားလာစေရေးအတွက် အသိပညာပေးလုပ်ငန်းများအဖြစ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လည်(၁၂)နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် အမှတ်(၈၅)သစ်စက်သို့ Mobile စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ရုံးစာကြည့်တိုက်သို့ လာရောက်မဖတ်ရှုနိုင်သူများ အဆင်ပြေစွာဖြင့် စာအုပ်များ ငှားရမ်းဖတ်ရှုနိုင်ပြီး၊ ဗဟုသုတရရှိမည့် စာအုပ်စာစောင်များဖတ်ရှုနိုင်စေရန်နှင့် အသိပညာများ တိုးပွားစေရန် ရည်ရွယ်၍ ဗဟုသုတစုံလင်စွာရရှိစေမည့် သုတ/ရသစာအုပ်များကို ငှားရမ်းပေးခဲ့ကြောင်းနှင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ရွှေရည်ဝင်းကျော်