ဘီးလင်း ဇန်နဝါရီ ၂၆
သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်မှ ဧပြီ ၉ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉၄၇ ဦးတို့က ဖြေဆိုခွင့် လျှောက်လွှာများ တင်သွင်းထားကြောင်း သိရသည်။
တက္ကသိုလ်ဝင် စာစစ်ဌာနများအဖြစ် အထက-ဘီးလင်း၊ အထက-ကန်သာယာ၊ အထက-ဇုတ်သုတ်၊ အထက-တောင်စွန်း၊ အထက-ကင်းရွာ၊ အထက-ရွှေလှေ၊ အထက-ကဇိုင်း ကျောင်းများ၌ စာစစ်ဌာန(၇)ခု ဖွင့်လှစ်ထားရှိ သွားမည်ဖြစ်ပြီး ဘီးလင်း မြို့နယ်အနေဖြင့် အတွဲ(၁)ဖြေဆိုသူ ၅၈၅ ဦး၊ အတွဲ(၂) ဖြေဆိုသူ ၁၈၅ ဦး၊ အတွဲ(၇) ဖြေဆိုသူ ၁၇၇ ဦး စုစုပေါင်း ၉၄၇ ဦး ဝင်ရောက်ဖြေဆိုရန် ဖြေဆိုခွင့် လျှောက်လွှာများ တင်ထားပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထူးနောင် ဘီးလင်း (ပြန်/ဆက်)