ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ

မှော်ဘီ       ဇန်နဝါရီ    ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မှော်ဘီမြို့နယ် စာပေချစ်သူများ အသင်း(Book Club) တို့ပူးပေါင်း၍ ပြည်ထောင်စုနေ့ အကြောင်း      သိကောင်း စရာ အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ နံနက် ၉:၀၀နာရီ အချိန်ကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်စည်းကမ်းချက်များနှင့် အညီ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအသိပညာပေးရာတွင် မှော်ဘီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး)ဦးအေးသိန်းက ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာအကြောင်း မေးမြန်းရာ မှော်ဘီမြို့နယ် စာပေချစ်သူများအသင်း(Book Club) မှ(အတွင်းရေးမှူး) စာရေးဆရာ ဝင်းနွယ်(ပုသိမ်)က ပြည်ထောင်စုနေ့ အကြောင်းနှင့် ပတ်သက်ပြီး ၁၉၄၇ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့ပင်လုံကျေးရွာမှာ တိုင်းရင်သားတွေစည်းလုံးဖို့၊ ညီညွတ်ကြဖို့၊တောင်တန်းနဲ့ပြည်မ မခွဲခြားဘဲနဲ့ လွတ်လပ်ရေး ရဖို့ ဗိုလ်ချုပ်အောင်ဆန်း၏ ကြိုးပမ်းခဲ့ ပုံများ၊ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်မှာ ပင်လုံစာချုပ် ချုပ်ဆိုခဲ့ပုံများ၊ ဆက်လက်၍ ၁၉၄၇ခုနှစ် ဖေဖော်ဝါရီ ၁၂ရက်နေ့ဟာ တိုင်းရင်းသားတွေစည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ နေနိုင်ခဲ့တဲ့ အချိန်ဖြစ်တဲ့အတွက် လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့တဲ့ သမိုင်းတစ်ရပ်ဖြစ်သည့်အတွက် အဲ့ဒီနေ့ထူးနေ့မြတ်ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်းအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကောင်းမြတ်သူ (ပြန်/ဆက်)