ကျိန္တလီမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် မီးဘေးလုံခြုံရေး ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေး

ကျိန္တလီ ဇန်နဝါရီ ၂၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ကျိန္တလီမြို့ မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးလုံခြုံရေး ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေး ဆွေးနွေးပွဲတွင် ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃၊ ဦးခိုင်မိုးမင်းက ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေး နှင့် မီးဘေးလုံခြုံရေးနှင့် ပတ်သက်သော အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် အသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ဦးစွာရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကျိန္တလီမြို့၊ မီးသတ်ဦးစီးဌာနမှ တာဝန်ခံ ဦးခင်မောင်ညိုမှ မီးဘေးလုံခြုံရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် မိမိတို့အနေဖြင့် မိမိတို့မီးသတ် ဦးစီးဌာန၏ ရည်မှန်းချက် တာဝန်များဖြစ်သည့် မီးလေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး တာဝန်ကြီးလေးရပ်ကို အကောင်ထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်းရေး အသိပညာပေး နှိုးဆော်မှုများကိုလည်း အပတ်စဉ် မြို့ပေါ် ရပ်ကွက်များ၊ ကျေးရွာများတွင်ပါ မီးသတ်ကားများဖြင့် အသိပညာပေး နှိုးဆော်လျက်ရှိပါတယ်။

ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်တာကြောင့် မိဘပြည်သူများအနေဖြင့် မီးလောင်မှု၊ မီးလန့်မှုများနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတ် ဦးစီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ထားရှိရန်၊ ရှေးဦး မီးငြှိမ်သတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူး များအား အသင့်တပ်ဆင်ထားရှိကြရန် မီးလောင်မှုဖြစ်ပွားလာပါက  ပြည်သူများအနေဖြင့် မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံး ဆက်သွယ် အကြောင်းကြားကြရန် လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခိုင်မိုးမင်း(ပြန်/ဆက်)