ခရမ်း ဇန်နဝါရီ ၂၆
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ” ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက် အရ နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော နိုင်ငံသားအရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေး အတွက် မေလ ပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ( ၈ ) နာရီအချိန်ကစတင်၍ ခရမ်းမြို့နယ်၊ ပျဉ်းမကုန်း ကျေးရွာတွင် ခရမ်းမြို့နယ်မြို့နယ် ဦးစီးမှူး ဦးမောင်မောင်သန်းနှင့် ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။
ပန်းခင်းစီမံချက်ဆောင်ရွက်ရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွေ့ပြောင်း နေထိုင်သူများအား ဆောင်ရွက်ပေးခြင်းစသည့် နည်းလမ်းလေးသွယ်ဖြင့် ဆောင်ရွက် ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ပျဉ်းမကုန်း ကျေးရွာတွင် ကျေးရွာနေပြည်သူ ( ၁၄၂ )ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြား များကို ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်၍ ခရမ်းမြို့၊ မြို့နယ်လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတို့က နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုမင်း( ခရမ်း )