မိုင်းယောင်းမြို့တွင် မိုးရာသီအတွင်း သဘာဝဘေးကြောင့် မိုးစပါးထိခိုက်ပျက်စီးဧကအပေါ် ယူရီးယား ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မိုင်းယောင်း  ဇန်နဝါရီ  ၂၆

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၂၆ ရက်  နံနက် ၉ နာရီခွဲက မိုးရာသီအတွင်း သဘာဝဘေးကြောင့် မိုးစပါး ထိခိုက်ပျက်စီးဧကအပေါ် ယူရီးယားဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက ယူရီးယား ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ မိုင်းယောင်းမြို့နယ်တွင်လည်း ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဝမ်ဘိုးကျေးရွာအုပ်စုနှင့် ဝမ်တပ်ကျေးရွာအုပ်စုတို့ မိုးစပါးစိုက်ပျိုးသည့် လယ်ယာမြေများ သဘာဝဘေးကြောင့် မိုးစပါးထိခိုက်ပျက်စီးခဲ့သော တောင်သူများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင့် ရေး ဥပဒေနှင့်အညီ နိုင်ငံတော်မှ ယူရီးယားဓာတ်မြေဩဇာများ ဖြန့်ဝေထောက်ပံ့ပေးနိုင်ရန် စီစဉ် ဆောင်ရွက်ခဲ့သည်။

ထို့နောက် တက်ရောက်လာသော ကျေးရွာအုပ်စုမှ တောင်သူများထံသို့  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုး နှင့် တာဝန်ရှိသူများက သဘာဝဘေးကြောင့် မိုးစပါးဧက(၃၇.၆၉)ဧက ထိခိုက်ပျက်စီးခဲ့သော ကျေးရွာပေါင်း(၅)ရွာ၊ တောင်သူပေါင်း(၅၂)ဦး ယူရီးယားဓာတ်မြေဩဇာ(၄၀)အိတ်အား အသီးသီး ထောက်ပံ့ပေးအပ် ခဲ့ကြောင်းနှင့် တက်ရောက်လာသော တောင်သူတစ်ဦးအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တောင်သူ များ တက်ရောက်ခဲ့ကြောင်း သိရသည်။

နန်းပန်(ပြန်/ဆက်)