နောင်တရား ဩဂုတ်လ ၂၆
မြန်မာနိုင်ငံတွင် ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါကူးစက်မှုမဖြစ်ပေါ်စေရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့အဝင်၌ နှာခေါင်း စည်းတပ်ဆင်မှုမရှိသည့်ပြည်သူများအား အသိပညာပေးခြင်း ကို ယနေ့နံနက်ပိုင်းတွင် စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
COVID-19 ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အဖြစ် ဩဂုတ်လ ၂၄ ရက်နေ့မှစတင်၍ နှာခေါင်းစည်းတပ်ဆင်ရေး အသိပညာပေးခြင်းကို ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် နှာခေါင်းစည်းတပ်ဆင်မှုမရှိသည့် ပြည်သူများအား Mask တစ်ခုလျှင်(၂၀၀)ကျပ် နှင့် ဝယ်ယူအသုံးပြုစေခြင်းဖြင့် ပညာပေးလုပ်ငန်းကို စတင်ဆောင်ရွက် လျက်ရှိကြောင်းအဆိုပါအသိပညာပေးလုပ်ငန်းကို နောင်တရားမြို့၊မြို့အုပ်ချုပ် ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်း၊ ဌာနဆိုင်ရာများ နှင့် လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)