နမ့်ဆန်မြို့နယ် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို)ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲပြုလုပ် ဆောင်ရွက်

မ့်ဆန်  ဇန်နဝါရီလ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်း (၉း၃၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နမ့်ဆန်မြို့နယ် (၇၅)နှစ်‌မြောက်စိ န်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာနမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက စာကြည့်တိုက်ကို လာရောက်သော သားငယ်၊ သမီးငယ်လေးများအား ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်း၊ ပင်လုံစာချုပ်နှင့်ပတ်သက် သည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး သားငယ်၊ သမီးငယ်လေးများ အားမေးခွန်းများမေးမြန်း၍ ဖြေကြား စေခြင်းများ ဆောင်ရွက်ခဲ့သည်။

စာကြည့်တိုက်ကို လာရောက်သော သားငယ်၊ သမီးငယ်လေးများက (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စူနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသော စာအုပ်/စာစောင်များ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံများကို ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)