သုံးခွ ဩဂုတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခုနှစ် မိုးစပါးမျိုးစေ့ ထုတ်တောင်သူများအား ကိုဗစ်-၁၉ ရောဂါကာလ စီးပွားရေးကုစားမှုအစီအစဉ် CERP အရ ပထမအကြိမ် မျိုးစေ့နှင့် စိုက်ပျိုးစရိတ်အတွက် ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရ သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးတင်မြင့်အောင်က ထောက်ပံ့ငွေများပေးအပ်ရခြင်းနှင့် မျိုးစေ့ထုတ်လုပ်ပုံ အဆင့်ဆင့်နည်းစနစ်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၇ အုပ်စုမှ မိုးစပါးမျိုးစေ့ထုတ် တောင်သူ ၂၂ ဦး၏ ၁၅၀ ဧကအတွက် ၁၂၅၂၉၀၀၀ ကျပ်ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်နှင့် တာဝန်ရှိသူများက တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရ သည်။
စည်သူလင်း ပြန်/ဆက်