ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပြည်သူများ နေအိမ်အရောက် မဲစာရင်းများ ပြည့်စုံ မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းဆောင်ရွက်

ဒဂုံ(အရှေ့)  သြဂုတ် ၂၆

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)ပြည့်ပြီးသူ  ဆန္ဒမဲပေးပိုင်ခွင့် ရှိသည့်  နိုင်ငံသားတိုင်း မဲပေးပိုင် ခွင့် မဆုံးရှုံးစေရေးအတွက် မဲစာရင်းများ လိုက်လံ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက  ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် အမှတ်(၁) ရပ်ကွက်အတွင်းရှိ ပြည်သူများ၏ နေအိမ်အရောက်  ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။

ထို့သို့ဆောင်ရွာရာတွင်  ရပ်ကွက်တွင်း   နေထိုင်သည့် ပြည်သူများအနေဖြင့် မဲဆန္ဒရှင် စာရင်း များ၌ မိမိအမည် မပါဝင်ပါ က ပုံစံ-၃ ဖြင့်လည်းကောင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ - ၄ ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်း နေပါက ပုံစံ ၄-ဂ တို့ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်း၊ ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်ရေး အချက်အလက် များ ပြည့်စုံ မှန်ကန်စေရေးအတွက် ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက လိုအပ်သည်များကို ရှင်းလင်း ပြောကြားပြီး ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)