နမ့်ဆန် ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ့်ဆန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) မူလတန်းအဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲကို ကျင်းပ ြုလုပ် ခဲ့ပါသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကလေးငယ်များအား ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရေး၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် စာြကည့်တိုက်နှင့် ရင်းနှီးမှုရရှိစေရန်နှင့် ဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ဆေးရောင်ခြယ် ပြိုင်ပွဲပြုလုပ်ရခြင်းဖြစ်ပါသည်။
ထိုနောက် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိသော ကလေးငယ်များအား အမှတ်တရ ဆုလက်ဆောင်များ ပေးခဲ့ပြီးပြိုင်ပွဲကို နမ့်ဆန်မြို့ပေါ်ရှိ ကလေးငယ် မူလတန်းအဆင့် (၁၀)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)