ကျောက်တံတားမြို့နယ်အတွင်း မြို့တော်သန့်ရှင်း သာယာလှပစေရေးအတွက် သစ်ပင်များ ပုံသွင်းခြင်းဆောင်ရွက်

ကျောက်တံတား ဇန်နဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် မြို့တော်သန့်ရှင်းသာယာလှပစေရေးအတွက်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့(ပန်းဥယျာဉ်ဌာန)မှ

ဝန်ထမ်းများသည် ယမန်နေ့နံနက် (၀၈း၀၀) နာရီအချိန်တွင် အမှတ်(၄)ရပ်ကွက်၊ ပန်းဆိုးတန်း လမ်းတလျှောက်ရှိ‌‌ ရေတမာပင်နှင့်ခရေပင်များအား အပင်ဝိတ်လျော့ခြင်း၊ အကိုင်းများခုတ်ထွင် ရှင်းလင်းခြင်းနှင့် သစ်ပင်များပုံသွင်းခြင်းများကို စနစ်တကျ ရှင်းလင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ ရှင်းလင်းဆောင်ရွက်မှုကို ပန်းဥယျာဉ်ဌာနမှ‌‌ ဒေါ်အိအိဝင်း(ဒု-ကြီးကြပ်‌‌ရေးမှူး)က အနီးကပ်ကြီးကြပ်ပြီး ရှင်းလင်းဆောင် ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)