ကျောက်တံတား ဇန်နဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် လျှပ်စစ် မန်နေဂျာရုံးမှ ဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်း၌ ရပ်ကွက်နေပြည်သူများသို့ လျှပ်စစ် အန္တရာယ် ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် အိမ်တွင်းသုံး လုပ်ငန်းသုံး လျှပ်စစ်များဘေးအန္တရာယ် ကင်းရှင်းအောင် သုံးစွဲနည်း၊ လျှပ်စစ်ကြောင့် ဝါယာရှော့များ အပူလွန်ကဲမှုမဖြစ်ပေါ်စေရေး၊ နှစ်ချို့ဝါယာများ သုံးစွဲရာတွင် ဂရုပြုနိုင်ရေး၊ လျှပ်စစ်မီတာ ချွေတာသုံးစွဲနည်းများစသည့် လျှပ်စစ်ဘေးအန္တရာယ် ကင်းရှင်းရေး နည်းလမ်းများ ရေးသားဖော်ပြထားပြီး ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများက ရပ်ကွက်နေ ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)