မင်္ဂလာဒုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ တွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ

မင်္ဂလာဒုံ ဇန်နဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ စာဖတ်ဝိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သန္တာမြင့်မြင့်ကျော်က စာပေချစ်မြတ်နိုးသူများ အချင်းချင်း တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ဆွေးနွေးသည့် အလေ့အကျင့်များရှိစေရန်အတွက် စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၊ စာပေဖတ်ရှုခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှုရှိပြီး အမှား၊ အမှန်ကို ကိုယ်တိုင်ဝေဖန်ပိုင်းခြားနိုင်ခြင်း စသည့်စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်သန္တာမြင့်မြင့်ကျော်က စာရေးဆရာမ ခင်ခင်ဆွေရေးသားသည့် "၆၅ နှစ်တာ စိတ်ပညာနှင့် အခြားဆောင်းပါးများ" စာအုပ်မှ အကောင်းမြင်တတ်ခြင်း ခေါင်းစဉ်တွင် ပါဝင်သည့် အကြောင်း အရာများကို ပြောကြားရှင်းလင်းခဲ့ပြီး တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို တစ်ဦးနှင့် တစ်ဦး အပြန်အလှန် အကျဉ်းချုပ် ဆွေးနွေးခဲ့ကြသည်။ အဆိုပါ စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် လစဉ်ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

သန္တာ(ပြန်/ဆက်)