ကျိုက်မရော ဇန်နဝါရီ ၂၆
မွန်ပြည်နယ်၊ ကျိုက်မရောရှိ အသက် ၁၈ နှစ်မှ အသက် ၆၀ အတွင်းရှိသူ အမျိုးသမီးများအား သားအိမ်ခေါင်း ကင်ဆာရောဂါ ရှိ/မရှိ အခမဲ့စစ်ဆေးပေးခြင်းကို ကျိုက်မရောမြို့နယ် ပြည်သူ့ဆေးရုံ၌ ယမန်နေ့ နံနက်ပိုင်းမှစ၍ စစ်ဆေးဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါ စစ်ဆေးပေးခြင်းသည် မြို့နယ်အတွင်း ပထမဆုံးအကြိမ် စစ်ပေးခြင်း ဖြစ်ပြီး ဌာနဆိုင်ရာများ၊ ဆရာမများ လူမှုရေးအသင်းအဖွဲ့များ၊ ကျန်းမာရေး ဝန်ထမ်းမိသားစုများ စုစုပေါင်း အမျိုးသမီး(၂၀၀)ဦးတို့အား အခမဲ့စစ်ဆေး ပေးနိုင်ခဲ့သည်။
ထိုသို့စစ်ဆေးပေးရာတွင် မြို့နယ်အမျိုးသမီးရေးရာ အဖွဲများနှင့် ကျန်းမာရေး ဝန်ထမ်းများမှ ပူးပေါင်းကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနရုံးမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)