သံဖြူဇရပ် ဇန်နဝါရီ ၂၆
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေကို ဇန်နဝါရီ ၂၁ရက်မှစတင်ထုတ်ပေးခဲ့ရာ ယမန်နေ့ နံနက် ၇နာရီခွဲ မှ နေ့လယ် ၂ နာရီထိ ကိုဗစ်-၁၉ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆက်လက်ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ပေးရာတွင် အငြိမ်းစား ဝန်ထမ်းများ အနေဖြင့် မိမိတို့ အဆင်ပြေသည့်နေ့တွင် လာရောက်ထုတ်ယူနိုင်ကြောင်း၊ ကိုယ်စားလှယ်ဖြင့် ထုတ်ယူလိုပါက လိုအပ်သည့် အထောက်အထားများဖြင့် လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ပင်စင်လစာထုတ်ယူရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ခံများက စာရင်းဖြည့်သွင်းခြင်းများ ဆောင်ရွက်ပေးပြီး ပင်စင်လစာငွေများအား အလှည့်ကျစနစ်ဖြင့် အသက်အရွယ်ကြီးရင့်သူများ အခက်အခဲမရှိစေရေးနှင့် လူစု၊လူဝေး မဖြစ်ပေါ်စေရန် စနစ်တကျဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ကာလဖြစ်သည့်အတွက် စည်းကမ်းချက်နှင့်အညီ ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ထားခြင်း၊ တစ်ဦးနှင့်တစ်ဦး (၃)ပေအကွာနေရာများ ချထားပေးခြင်း၊ လက်ဆေးဘေစင်များ ဆောင်ရွက် ပေးထားကြောင်းကို သံဖြူဇရပ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူ ထံမှ သိရသည်။
အေးအေးမွန်(သံဖြူဇရပ်)