မလှိုင် ဇန်နဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ပဉ္စမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံခြင်းကို သဲကန်ကျေးရွာအုပ်စုနှင့် မြင်းဦးလှည့် ကျေးရွာအုပ်စု များ၌ ယမန်နေ့က ဆောင်ရွက် ခဲ့ကြောင်း မြို့နယ်ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။
အဆိုပါနေ့က ကာကွယ်ဆေးထိုးစုရပ်ဖြစ်သည့် မြင်းဦးလှည့် ကျေးရွာအုပ်စု ကျေးလက် ကျန်းမာရေးဌာနတွင် မြင်းဦးလှည့်အုပ်စုရှိ ကျေးရွာ(၁၃)ရွာမှ ကိုဗစ်ကာကွယ်ဆေး ပဉ္စမအသုတ် ပထမအကြိမ် ထိုးနှံပြီးသူများကို ဒုတိယအကြိမ်ဖြစ် (၆၃၇)ဦးကို ထိုးနှံပေးခဲ့သည်။
ထို့အတူ သဲကန်ကျေးရွာအုပ်စုတွင် ဆေးထိုးစုရပ်ဖြစ်သည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ သဲကန်ကျေးရွာ အုပ်စုအတွင်းရှိ မန်ကျီးကုန်း၊ရွာသစ်၊ အောင်ပန်းကုန်း၊ ဆည်၊ ပိတောက်ရိုး၊ သဲကန်၊ ကုန်းလည်စသည့် ကျေးရွာ (၇)ရွာမှ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူများကို ဒုတိယအကြိမ် အဖြစ်(၁ဝ၈၁)ဦးကို ကိုဗစ်ကာကွယ် ဆေးများ ထိုးနှံပေးခဲ့သည်။
အဆိုပါနေ့က မြင်းဦးလှည့် ကျေးရွာနှင့် သဲကန်ကျေးရွာအုပ်စုတို့မှ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူများ ကို ပဉ္စမအသုတ် ဒုတိယအကြိမ်အဖြစ် စုစုပေါင်း(၁၇၁၈)ဦးကို (Sinopharm) အမျိုးစား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)