မက်မန်း ဇွန်လ ၂၅
ရှမ်းပြည်နယ်အရှ့ပိုင်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရုံးမြေနေရာသစ် တည်ဆောက်နိုင်ရေးအတွက် မြေနေရာသတ်မှတ်ခြင်း ပန္နက်တင် မင်္ဂလာအခမ်းအနားကို ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရုံးအဆောက်အဦးသစ် ဆောက်လုပ်မည့် မြေနေရာအား ဆရာတော် သံဃာတော်များ က အန္တရာယ်ကင်း မြေသန့်မင်္ဂလာပြုလုပ်ပေးပြီး မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက သတ်မှတ်နေရာများ၌ ပန္နက်တင် မင်္ဂလာအခမ်းအနား ကို၂၀၂၂ခုနှစ်၊ဇန်နဝါရီလ ၂၄ ရက်နေ့နံနက် ၉ နာရီအချိန်တွင် မက်မန်းမြို့ ရပ်ကွက်(၁) မြို့ပတ်လမ်းဘေး၌ ကျင်းပကြောင်းသိရသည်။
အဆိုပါကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရုံးသစ် အဆောက်အဦးကို (၂၀၂၁-၂၀၂၂)ခုနှစ် ပထမ (၆)လပတ် ပြည်ထောင်စုရန်ပုံငွေမှ ခွင့်ပြုငွေကျပ်(၁၂၄.၀၀)သန်းဖြင့် (၃၂× ၄၈×၂၄) RC နှစ်ထပ်တိုက် အဆောက်အဦးသစ် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုင်းညီဇော်လှအောင်ထံမှသိရသည်။
ပန်းကျင်